သူငယ်ချင်းတို့ကို mmpoemprince IT student အဖွဲ့မှနွေးထွေးစွာကြိုဆိုပါတယ် ဆိုဒ်အတွင်း အဆင်မပြေတာများရှိခဲ့ရင် mmpoemprince@gmail.com သို့ဆက်သွယ်အကူအညီတောင်းနိုင်ပါတယ်..နည်းပညာများအဆင်ပြေပြေလေ့လာရင်း ပျော်ရွှင်နိုင်ကြပါစေ...အလည်လာရောက်တဲ့အတွက်လည်း အထူးကျေးဇူးတင်ရှိပါတယ်ဗျ... အားလုံးကို ခင်မင်လေးစားလျက်
မင်္ဂလာပါဗျ...သူငယ်ချင်းတို့

သီချင်းလေးတွေနားထောင်နေတုန်း တစ်ခုပြောချင်ပါတယ်ဗျ ကျွန်တော့်ဘလော့ဟာ ဘယ်ဘက်sibe bar မှာသာအကုန်တင်ထားတာပါ နှစ်ဘက်ဆိုရင် ကျွန်တော်အခက်အခဲဖြစ်လို့ပါဗျဒီတော့ ရှာဖွေချင်တဲ့နည်းပညာတွေနှင့်တခြားအကြောင်းအရာများကိုဘယ်ဘက်sibe bar အစဉ်အလိုက်အတိုင်းသာ ရှာသွားပါရန်မေတ္တရပ်ခံအပ်ပါသည်...ဒီအတွက်လည်း တောင်းပန်ပါတယ် အောင်လ အဲလေ မှားကုန်ပြီ ....

Monday, 2 January 2012

G-TALK ,GMAIL ကိုစတင်လေ့လာကြည့်ရအောင် အပိုင်း၁

ကဲ သူငယ်ချင်းတို့ရေ ကျွန်တော်အသုံးဝင်ဆုံးနည်းပညာတစ်ခုအရင်ဆုံးမိတ်ဆက်ပေးပါမယ်..အဲဒါကတော့ လူတိုင်းသုံးနေကြဖြစ်တဲ့
G-TALKအကြောင်းကိုပါ...G-TALKကို ပညာရှင်တစ်ယောက်တီထွင်ခဲ့ပါတယ်နာမည်တော့ သိပေမဲ့ပြောတော့ဘူးနော် ဒါပေမဲ့နည်းပညာတိုင်းမှာ အားသာချက် အားနည်းချက်တွေရှိကြပါတယ်
G-TALKမှာအဆိုးရွာဆုံးပြသာနာက အဟက်ခံရခြင်းပါ အရင်တုန်းက GOOGLEဟာ SECURITY မြင့်ပေမယ့် ခုတစ်ကမ္ဘာလုံးအတိုင်းအတာကို SUUPORTမလုပ်ပေးနိုင်တော့ပါဘူး ဒီတော့ သူငယ်ချင်းတို့လည်း ရှောင်လွဲလို့ ရတဲ့ဟက်နည်းတွေကို ပြောပြပါ့မယ်. ဒီလိုဟက်တဲ့နေရာမှ အသုံးပြုတဲ့နည်းလမ်းတွေကတော့
တော်တော်များပါတယ် လူသုံးအများဆုံးနည်းလမ်းတွေတော့ လေ့လာကြည့်ပေါ့နော်
တစ်နည်းကတော့ page အတုနဲ့ ပာက်တာပါ...
ဒါကအလွန်လူသိများနေတဲ့ နည်းလေးပေါ့....(ခက်လား? မသိရင်ခက်တယ်)
ဒါကတော့အထူးအထွေရှင်းပြဖို့ လိုမယ်မထင်ပါဘူး......
ဒါပေမဲ့ ကိုဂျွန်ဖြိုးပြောသလို မသိရင်ခက်တယ်ဆိုတာကတော့ မှန်ပါတယ်
ကြောက်စရာမလိုပါဘူး ကိုယ်သုံးနေတဲ့ pass ကိုနှစ်ရက် တစ်ခါ သုံးရက်တစ်ခါ ချိန်းပေးပါ....
ဒါဆို page အတုနဲ့မဟက်နိုင်ပါဘူး
နောက်တစ်နည်းကတော့ ဆရာကျတဲ့နည်းလမ်းပါ
ဒါကတော့ ဆရာသားကျသွားပြီပေါ့ဗျာ...... အထူးသဖြင့် Php ၊ Html ၊ java script တွေကို တတ်ထားရပါမယ်....
Html ကတော့ page အတုလုပ်ဖို့ အတွက်လိုပါတယ်...
java script ကတော့ link တွေပြန်ညွန်းတဲ့နေရာနဲ့  တစ်ခြားနေရာတွေမှာသုံးလို့ ရပါတယ်...
Php ကတော့ အဲ့ဒီ html ကိုချိတ်ဆက်ဖို့ ပေါ့....
ကျန်တာလေးရှုင်းပါမယ်.........
ဘယ်လိုလဲဆိုတော့.....အကောင့်တစ်ခုပာာ ဘယ် website တွေကိုသွားတတ်တယ်...အသွားများနေတယ်ဆိုတာကိုအရင်ကြည့်ရပါမယ်...
ကြည့်နည်းကလည်းမခက်ပါဘူး..... www.google.com မှာ သူ့ ဂျီမေးလ် လိပ်စာကို ရိုက်လိုက်ပြီးရင်ကျလာပါမယ်...သူ့ G-Talk နဲ့ ချိတ်ဆက်ထားတဲ့ ဆိုဒ်တွေပေါ့....
အဲ့ဆိုဒ်ကို အရင်ပာက်မယ် ပြီးရင်တော့ home page ကို html နဲ့ ရေးမယ်..
ထွက်လာတဲ့ html ကို အချိတ်အဆက်တစ်ခုလုပ်ပေးရပါမယ်...
အလွယ်နည်းပြောရရင် keylogger နဲ့ ချိတ်ရမယ်...
ဘာကြီးကိုလဲ html ကိုပါ...
ဒါကို G-Mail page အတုသုံးနေတဲ့သူတွေသိပါတယ်.... input.php ဆိုတဲ့ဖိုင်လေးလိုသဘောတရားတူပါတယ်...
ဒီနည်းကိုလည်း ကာကွယ်လို့ရပါတယ် အကောင့်အသစ်တွေpass အသစ်တွေနဲ့ဆိုဒ်ကို ၀င်ပေါ့ဗျ
ကိုယ့်အကောင့်အစစ်ကို မသုံးပါနဲ့...
ဒါဆိုဟက်တဲ့သူကတော့ကတော့ဆိုဒ်ကိုဝင်မည် ....... username နဲ့ password  အတုပဲရပါလိမ့်မယ်
ပြောပြတော့လွယ်သား ဗျ လုပ်ကြည့်တာကတော့ မိုးလောက်မြင့်တယ်
ကီးဖြင့်ဟက်တာကတော့ အင်တာနက်ဆိုင်တွေမှာ အသုံးများလွန်းတယ်ဗျ..
ကိစ္စမရှိပါဘူးးးး
deepfreeze လေးအုပ်ထားပေါ့ဗျ..ဖွင့်မယ်ဆိုရင် အုပ် ပြန်တော့မယ်ဆိုရင် ပြန်ချသွားပေါ့ဗျ.
တစ်ခုတော့ ရှိတယ်ဗျ အုပ်ထားရင် ကိုယ်ဆွဲထားတဲ့ data တွေ 
အလိုလိုပျောက်သွားလိမ့်မယ် ဒါမျိုးဆိုရင် USB ဆောင်ထား
ကိုယ်ဆွဲပြီးတဲ့ data တွေချက်ချင်းထည့်ပေါ့ဗျ  
 4GB,8GB ဆိုလုံလောက်ပါတယ် deepfreeze ဖြုတ်နည်းကိုတော့ နောက်ပို့စ်တွေမှာဆက်လက်တင်ပေးသွားမှာပါ  အထက်ကနည်းလမ်းတွေအားလုံးကို ကာကွယ်ချင်ရင်တော့ ဒီအတိုင်းလေးလုပ်ကြည့်ပါနော်
ကျွန်တော်တို့  လက်ရှိ အသုံးပြူနေကြတဲ့ G-Mail အကောင့်တွေနဲ့ ပါတ်သတ်ပြီး လွယ်လွယ်ကူကူ Recovery ပြန်လုပ်လို့ ရမယ့် နည်းလမ်းလေးမို့ ရေးပေးချင်တာပါ .. ဘာပဲ ပြောပြော ဒီနည်းလမ်းလေးကို သိထားပြီ ဆိုတာနဲ့  G-Mail အကောင့် Password ပျောက်သွားလို့ပဲ ဖြစ်ဖြစ် Password မေ့သွားလို့ပဲ ဖြစ်ဖြစ် ကျွန်တော် အခုပြောတဲ့ နည်းလမ်းလေးအတိုင်း အလွယ်တကူ Recovery ပြန်လုပ်လို့ ရမှာဖြစ်ပါတယ် .. ဒါလေးတွေက ခက်ခက်ခဲခဲ နည်းလမ်း တစ်ခုတော့မဟုတ်ပါဘူး .. ပုံမှန် Password Recovery လုပ်တဲ့ နည်းလမ်းလေးပါပဲ .. ဒါပေမယ့် အများစုက မသိကြတော့ ခက်ခက်ခဲခဲတွေ လျောက်တွေး ကုန်ကြတာပါ .. ကျွန်တော် အခုပြောပြမဲ့ Recovery နည်းလမ်းလေးတွေကိုတော့ အားလုံးကို သိထားစေချင်ပါတယ် .. ဒါမှလည်း မိမိတို့ G-Mail အကောင့် Password ပျောက်သွားလို့ပဲ ဖြစ်ဖြစ် Password အချိန်းခံလိုက်ရရင်ပဲ ဖြစ်ဖြစ် အလွယ်တကူ Recovery ပြန်လုပ်လို့ ရမှာဖြစ်ပါတယ် .. 

အရင်ဆုံး မိမိတို့ G-Mail အကောင့်ကို အလွယ်တကူ Recovey ပြန်လုပ် ပေးနိုင်ဖို့ အတွက် မိမိတို့ရဲ့ G-Mail အကောင့် Personal Setting လေးတွေကိုတော့ အောက်မှာ ဖော်ပြထားတဲ့ နည်းလမ်းလေးအတိုင်း သွားပြီး စိတ်ကြိုက် ပြင်ဆင်ထားဖို့ လိုအပ်ပါလိမ့်မယ် .. အရင်ဆုံး မိမိတို့ G-Mail အကောင့်ကိုဝင်လိုက်ပါ .. ပြီးရင် အောက်က ပုံမှာ ပြထားတဲ့အတိုင်း Account Setting ကိုသွားလိုက်ပါ ..
ဒီအောက်က ပုံကတော့ Google + အသုံးပြုသူတွေရဲ့ Personal Setting ပုံဖြစ်ပါတယ် .. အောက်ပုံမှာ ပြထားတဲ့ အတိုင်း Change Recovery Option ကိုသွားလိုက်ပါ ..

အောက်ပုံကတော့ ပုံမှန်အတိုင်း Google + အသုံးမပြုတဲ့ သူတွေရဲ့ Personal Setting ပဲဖြစ်ပါတယ် .. ပုံမှာပြထားတဲ့အတိုင်း Recover your password ကိုသွားလိုက်ပါ ..
အောက်ပုံမှာပြထားတဲ့အတိုင်း Verify လုပ်ပေးလိုက်ပါ ..
အောက်မှာ ကျွန်တော် 1 နဲ့ 2 ဆိုပြီး ပြပေးထားပါတယ် .. နံပါတ် ( ၁ )ကတော့ ကျွန်တော်တို့ recovery email address ဖြစ်ပါတယ် .. Edit ကိုနှိပ်ပြီး မိမိတို့ စိတ်ကြိုက် အကောင့်တစ်ခုကို ပြောင်းလို့ရပါတယ် .. ဒါမှသာ Recovery ပြန်လုပ်တဲ့ အခါမှာ Recovery Email Address ကိုအလွယ်တကူ ပြန်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ..  နံပါတ် ( ၂ ) ကတော့ ကျွန်တော်တို့ Security question ကို မိမိတို့စိတ်ကြိုက် ပြောင်းပေးဖို့ ဖြစ်ပါတယ် .. Edit ကိုနှိပ်ပြီး မိမိတို့စိတ်ကြိုက်ပြင်လို့ ရပါတယ် ..
 အထက်ပါပုံအတိုင်း Recovery Email နဲ့ Security question ကို မိမိတို့စိတ်ကြိုက် ပြင်ဆင်ပြီးသွားပြီ ဆိုရင်တော့ Save လိုက်ယုံပါပဲ ..

ဒါကတော့ မိမိတို့ G-mail အကောင့် Password ပျောက်သွားလို့ ပဲဖြစ်ဖြစ် မေ့သွားလို့ပဲဖြစ်ဖြစ် အလွယ်တကူ Recovery ပြန်လုပ်နိုင်အောင် ကြိုတင်ပြင်ဆင် ထားခြင်း ဖြစ်ပါတယ် . အပေါ်မှာ ပြင်ခဲ့တဲ့ အချက်တွေကို ကျွန်တော်တို့ အကောင့်စဖောက်ထဲက ဖြည့်ခဲ့ရတာပါ .. ဒါပေမယ့်မဲ့ အကောင့်ဖောက်တဲ့ အချိန်မှာ အများစုက အမှု့မဲ့ အမှတ်မဲ့ပဲ ထည့်လိုက်ကြတာ ဖြစ်တဲ့အတွက် ပြန်လည် ပြင်ဆင်လို့ ရအောင် ဖော်ပြပေးတာ ဖြစ်ပါတယ် ..  ဒါဆိုရင်တော့ ပြင်ဆင်ခြင်း အပိုင်းပြီးပါပြီ ..

ဆက်ပြီးတော့ ကျွန်တော် Recovery ဘယ်လို လုပ်ရမယ် ဆိုတာကို ပြောပြပေးပါမယ် .. မိမိတို့ G-Mail အကောင့် Password ပျောက်သွားလို့ပဲ ဖြစ်ဖြစ် မေ့သွားလို့ပဲဖြစ်ဖြစ် Recovery ပြန်လုပ်ဖို့ အတွက် အရင်ဆုံး အောက်မှာ ဖော်ပြပေးထားတဲ့ လင့်လေးကို သွားလိုက်ပါ ..

ပြီးရင် အောက်ပုံမှာပြထားတဲ့အတိုင်း မိမိတို့ Recovery လုပ်ချင်တဲ့ အကောင့်ကို ရိုက်ထည့်ပြီး Submit ပေးလိုက်ပါ .. 

ပြီးရင် အောက်မှာ ဖော်ပြထားတဲ့အတိုင်း စာလုံးလေးတွေကို ဖြည့်ပေးလိုက်ပါ .. ပြီးရင်Continue ပေးလိုက်ပါ ..


ဒီအောက်က အဆင့်ကို ရောက်ပြီ ဆိုရင်တော့ ကျွန်တော်တို့ အပေါ်က  Personal Setting မှာမိမိတို့ စိတ်ကြိုက် ပြင်ဆင်ခဲ့တဲ့ Recovery Email  နဲ့ Security question ကိုဖြည့်ခိုင်းပါလိမ့်မယ် .. ကြိုက်တဲ့ တစ်ခုကို ဖြည့်ပေးလိုက်ပါ .. Recover Email ကိုရွေးချယ်တယ် ဆိုရင်တော့ Pessword Rest တဲ့လင့်ကို မေးလ်ထဲကို Recovery Email ဆိုပြီး ဖြည့်ခဲ့တဲ့ မေးလ်ထဲကို ပို့ပေးမှာဖြစ်ပါတယ် .. ပြီးရင်တော့ Continue ပေးလိုက်ပါ .. 
အပေါ်က အဆင့်အတိုင်း ပြီးသွားပြီ ဆိုရင်တော့ အောက်က ပုံမှာ ပြထားတဲ့အတိုင်း မိမိတို့ စိတ်ကြိုက် Password အသစ်ကို ရိုက်ထည့်ပြီး  .. Rest Password ပေးလိုက်ယုံပါပဲ ..
က်ဆိုရင်တော့ မိမိတို့ရဲ့ Gmail Account Pasword ပျောက်သွားလို့ပဲ ဖြစ်ဖြစ် မေ့သွားလို့ပဲ ဖြစ်ဖြစ် အလွယ်တကူနဲ့ Recovery ပြန်လုပ်လို့ ရမဲ့ နည်းလမ်းလေးကို သိသွားပြီလို့ ထင်ပါတယ် .. 

ဒီပို့စ်လေးကို PDF File ဖြင့်လိုချင်တယ်ဆိုရင် အောက်ကလင့်မှာ ယူပါ ..
(ဆရာနေမင်းမောင်ဆီမှ ကူးယူဖော်ပြထားတာပါ )
အဲဆိုဒ်ကို သွားချင်ရင်တော့ ဒီကိုနှိပ်လိုက်ပါ

GTALK ကနေ လုပ်ချင်တယ်ဆိုရင်တော့  GTALK အပေါ်နားက SETTING ကိုနှိပ်လိုက်ပါ
ခေတ္တစောင့်ပါ ..ပေါ်လာတဲ့ စာမျက်နှာမှာ RECOVERING YOUR PASSWORD ကိုနှိပ်ပြီးရင် အထက်က ကိုနေမင်းမောင်ပြောသလိုသာ
လုပ်သွားရင် ရပါပြီ...
 ကဲ ဒုတိယ  အကောင့်ဖွင့်နည်းကို 
လေ့လာကြည့်ရအောင် ဆိုင်မှာမဖွင့်ချင်တဲ့ သူငယ်ချင်းတွေအတွက်ပါ ...ဖုန်းနံပါတ်မလိုဘူးဗျ အကောင့်ဖွင့်ခ ပိုက်ဆံမကုန်ဘူး
အောက်က အတိုင်းလေး လုပ်သွားရုံပါ GTALK အကောင့်လုပ်ရန် ကိုအရင်သွားပါ
လုပ်တဲ့ ဘောက်စ်ကျုလာပါလိမ့်မယ်
အဲဒီဘောက်စ်ထဲက
Frist name=မိမိရှေ့ဆုံးနာမည်
Last name=မိမိနောက်ဆုံးနာမည်
Desired Login Name=ကိုယ်အသုံးပြုမယ့်အကောင့် (ဥပမာ..။mmpoemprince။ နောက်မှာ@gmail.com
ထည့်စရာမလိုပါဘူးနော်)
ပြီးရင် အဲအောက်က cheack availability ကိုနှိပ်ပါအုံး
မိမိအကောင့်ဟာ မူပိုင်ရှိရင် အနီရောင်စာတမ်းတွေပေါ်လာပါလိမ့်မယ်
ပြန်ပြင်ပါခင်ဗျ...ပြီးရင်ပြန်နှိပ်ပါ
အောက်မှာ အပြာရောင်စာတမ်းနဲ့ မိမိအကောင့်ပေါ်လာရင်ရပါပြီ
Choose a password: မိမိလျှို့ဝှက်နံပါတ်(ဥပမာ.။၅၇၅၈၅၈၅ အဟဲကျွန်တော့် pass မဟုတ်ပါ တော်ကြာ
ကူးနေမှာ စိုးလို့)
Re-enter password:မိမိလျှို့ဝှက်နံပါတ် ပြန်ရေးရန်
Security question:အဓိက မေးခွန်းပါ မိမိလျှို့ဝှက်နံပါတ် မေ့နေခဲ့ရင်..ကူညီပေးနိုင်ပါတယ်
(ကြိုက်တာရွေးပါ..ဒါပေမဲ့ ကိုယ်ရွေးတာကို မြင်ရချင်မှ မြင်ရလိမ့်မယ်နော်)
Answer:ကြိုက်တာဖြေပါ ဒါပေမဲ့ မမေ့သွားပါစေနဲ့
Recovery email:မိမိ အသုံးပြုမယ့်အကောင့်ကို အပြည့်အစုံရေးပေးရမှာပါ emailအဖြစ်သာရေးရန်(ဥပမာ..။mmpoemprince@email.com)
Location:တစ်ခါတည်းနိုင်ငံပါပြီးသားပါ ဘာမှလုပ်စရာမလိုပါဘူး ဒါပေမဲ့ မိမိ သုံးတဲ့အကောင့်ကို
နိုင်ငံမထောက်လှမ်းချင်လျှင် နိုင်ငံလွှဲ ပါ(ဥပမာ...။malay )
Birthday:ကိုယ့်မွေးနေ့ပါ တစ်ချို့တွေက '' 8/8/1988''ရေးကြပါတယ် အဲဒီ '''' ထည့်စရာမလိုပါဘူးခင်ဗျ
မူရင်းအတိုင်း(ဥပမာ...။8/8/1988)
Word Verification:စာလုံးရိုက်ထည့်ရမယ့် ဘောက်စ်ပါ(မှန်မှန်ကန်ကန်ထည့်ပါ )
Terms of Service:အဲဒီအောက်မှာလည်း ဘောက်စ်တစ်ခုရှိပါတယ်
အဲနေရာမှာ တစ်ချို့က အဖြူကွက်ပဲမြင်ရပါလိမ့်မယ် ..တစ်ချို့ကြတော့ အဲဘောက်စ်မှာ စာလုံးတွေမြင်ရင်
ကျော်ခွ ဖတ်ပါ (အဟဲ နားလည်တယ်နော် အခုဖတ် အခုအဆုံးရောက်)
ပြီးရင်တော့ အဲဘောက်စ်အောက်က
I ACCEPT CREAT MY ACCOUNT  ကိုနှိပ်ပါ
ဒါဆိုရင် ရပါပြီ တကယ်လို့ကျွန်တော်ချပေးတဲ့ လင့်အလုပ်မလုပ်ခဲ့ရင် GOOGLE စာမျက်နှာမှာ 
ရှေ့က www ထည့် gmail creat an account လို့သာရိုက်ထည့်ပြီး လုပ်နိုင်ပါတယ်ဗျ
ကဲ အရမ်းကိုဆိုးရွားတဲ့ gtalk ဗိုင်းရပ်အသစ်ပါ လော့လာကြည့်ရအောင်ဗျ
၊ အဲဒီvirus က ကိုယ့် friend နဲ့ပြောနေတုန်း၊ သူ့ box ထဲကနေ
(iew my webcam (private secured connection using privateCam) http://- - - - - - - - - - - - .exe)
ဆိုပြီး အပြာရောင်စာတမ်းနဲ့ပေါ်လာတယ်၊ (မှတ်ချက်။ အထဲကစာသားတွေကိုတော့မဖေါ်ပြပါဘူး၊ virus တွေ
ထပ်ပြန့်မှာစိုးလို့ပါ၊ ရှေ့နောက်စကားလုံးတွေပဲနမူနာပြလိုက်ပါတယ်) အဲဒီ့စာကြောင်းကို click နှိပ်လိုက်ရင်
virus တွေက ကွန်ပျူတာနဲ့ ကိုယ် gtalk account ထဲကို ၀င်ပြီး ဖျက်ဆီးပါတယ်၊ အ၀င်ခံရတဲ့ account နဲ့
computer က သူနဲ့ပြောတဲ့ gtalk friend တွေဆီကို autochatting လုပ်ပြီး အခုနစာသားတွေထပ်ပို့ပြီးပြန့်နှံ့
အောင်လုပ်ပါတယ်၊ ဆိုးကျိုး တွေနဲ့ ဖျက်ဆီးအားကိုတော့အတိအကျ မသိသေးပါဘူး ။ ထပ်သိရင်ပြောပါမယ်။
(အဓိက အချက်ကတော့။ အဲဒါကို click မနှိပ်ဖို့ပါပဲ) နီးစပ်ရာသူငယ်ချင်းတွေကိုလဲ တဆင့်ပြောပေးပါ။
သူ့ ရဲ့ ကူးစက်တဲ့ပုံစံက ဒီလိုဗျ... သူက ကိုယ့်ရဲ့ နစ်ထဲမှာရှိတဲ့သူက ကိုယ့်ကိုလှမ်း chat တဲ့ပုံစံမျိုး နဲ့ အောက်ပါ
အတိုင်း စာပိုဒ် ၃ ခုခွဲပြီး ၃ ခါခွဲတက်လာတယ် မြန်လဲမြန်တယ်ဗျ...


၁ ။ asl please
I am 23 Female, Delhi (India) and you?
၂ ။ Now search your google in a HYBRID\DYNAMIC way -
http://h1.ripway.com/mygoogle0/index.html
၃ ။ View my private cam via secured connection -http://h1.ripway.com/db0/privateCam.exe

အဲလို စာတက်လာပြီး သူ့လင့်ကို နှိပ်မိရင် Download ချက်ခြင်းကျလာတယ်။
Run လိုက်ပြီ ဆိုတာနဲ့ အောက်အတိုင်း ဖြစ်လာပါရောဗျာ...။

၁။ Gtalk နဲ့ Yahoo messenger သူ့ဟာသူ တက်လာပြီး နစ်ဖွင့်လို့ရအောင် ကာဆာ
ချပေးလိမ့်မယ်။

(စက်မှာ run မထားဘူး မရှိဘူး ဆိုရင်တော့ မတက်ဘူးပေါ့)

၂။ နစ်ဖွင့်လိုက်မိရင် အဲဒီနစ် အပေါ်ဆုံးက လူသုံးယောက်ကို အပေါ်မှာ ကျနော် ရေးပြခဲ့တဲ့ အတိုင်း ကတုံ၊
ကတုံ နဲ့ အလိုလို သူ့ဟာသူ ရိုက်ပြီး ပြောနေလိမ့်မယ်။ အဲဒီ အချိန်မှာ စက်ဟန်းနေတယ်။ ဘာမှ လုပ်လို့ မရဘူး။
၂ မိနစ်နီးပါး ကြာပြီးရင် ပြန်ငြိမ်သွားမယ်။ ၅ မိနစ်မှာ တစ်ကြိမ်လောက် ဖြစ်နေလိမ့်မယ်။ (တစ်ခြားနစ်ကို မိမိ
ကိုယ်တိုင် ကာဆာချပြီး စကားပြောမနေဘူး ဆိုရင် အဲဒီ နစ်သုံးခုကိုပဲ ထပ်ခါထပ်ခါ တက်နေမှာဖြစ်ပါတယ်။ )
၃။ gtalk တွေ၊ Yahoo တွေ exit လုပ်ပြီး connection ဖြုတ်ထားလိုက်ရင်တောင် နစ်ဖွင့်ဖို့အတွက် messenger
တွေလာလာပေါ်ပေးနေလိမ့်မယ်။
၎။ task manager, registry editor, Folder Options စတာတွေ ကတော့ ဗိုင်းရပ်တို့ ထုံးစံအတိုင်း ခေါ်လို့
မရဘူးဖြစ်နေလိမ့်မယ်။
၅။ Drive တွေကို ဘယ်လိုမှ ဖွင့်လို့မရတော့ပါဘူး။

 


အဲဒီပုံစံနဲ့  Virus စပြီးကူးတော့တာပါပဲ.....

rabbitphyu(wint: (life is beauty ) ဆိုတဲ့mail ၀င်လာရင် Delete လုပ်လိုက်ပါ လုံးဝ(လုံးဝ)
မဖွင့်ကြည့်ပါနဲ့
သူငယ်ချင်းတို့ password ခိုးသွားလိမ့်မယ်....

ဒါသူ့ ရဲ့  gmail Address (rabbitphyu@gmail.com) ... ဆော်လေးဆိုပြီး
သွား click မလုပ်လိုက်နဲ့ နော်.....
ကျွန်တော်လဲမကြုံဖူးသေးဘူး...ဒါပေမယ့်...
သတိထားမိတော့..ကောင်းတာပေါ့.......
 ကိုချမ်းညိမ်း မှ နတ်သားလေးဆီသို့ပေးပို့ထားတာပါ တင်ပေးလိုက်တာဗျ
ရှောင်လွဲလို့ရတာပေါ့ဗျ ..၊၊အလည်လာရောက်ဖတ်ရှတဲ့အတွက်လည်း ကျေးဇူးအထူးတင်ရှိပါသည်၊၊

No comments:

Post a Comment

အဆင်မပြေတာ ရှိရင်အော်ခဲ့ဗျို့